။ တောရပ်ရွာကြွပါလေ ။

။ မိဘကိုခွာကျောင်းရောက်လာတော့ကျမ်းစာဖြာဖြာ သင်အံပေါ့။ ။ ငယ်စာအခြေ သင်လို့နေသည်ကျမ်းတွေစာတွေ စုံပေပေါ့။ ။ ပါဠိဘာသာ မြန်မာစာနှင့်သိတာမသိတာ သင်ရကြာတော့ရင်မှာပင်ပန်းဖြစ်ရပေါ့။ ။ ဆွမ်းမပြည့်စုံ ခြေစုံလှည့်လည်အိမ်မယ်များများ လှည့်၍သွားလည်းအရှင်ဘုရား ကန်တော့ဆွမ်း။ ။ မိုးရွာနေလျှင်..မိုးစိုသင်္ကန်း ခြေတွေလှမ်းပေါ့ပင်ပန်းစိတ်နွမ်းကိုယ်မလန်း။ ။ နေပူလျှင်လည်း…ချွေးစိုသင်္ကန်း ဆွမ်းခံပန်းတော့ကျောင်းခမ်းပြန်တော့ခြေမပေါ့။ ။ စာကတစ်ဖက် စားတစ်ဖက်ပေါ့ခက်ခဲကာလ တစ်ချိန်ကလျှင်ဖြစ်ရဘဝ အဝဝကိုပြောပြရင်လည်း ယုံဘူးပေါ့။ ။ ယနေ့ကာလ..ကျောင်းလေးသာသာ နေရပါလည်းရင်မှာအမြဲ ငယ်အကဲကိုဆင်းရဲမာန်မူ မမေ့သူပါငါဟူမာန ဘယ့်မရှိ။ ။ ထိုကြောင့်….ခုခေတ်အခါ ရဟန်းမှာဖြင့်လိုရာအပြည့် ဖြည့်အပြည့်နှင့်လိုသည့်အရာ ပြည့်စုံပါလည်းပညာမမက် ကျမ်းမတက်လို့ကျောင်းထွက်ပြန်လာများကြတော့။ ။ ခုခေတ်သာသနာ….ထီးထမ်းလမ်းလျှောက် သားတိုးပေါက်ပြီးဟိုရောက်သည်ကြွ စာမရဘဲလှလှပပနေရတော့။ ။ မြင်ကြည့်ပါကြ …ခုချိန်ခုခါ ရှင်တို့ရွာမှာကျမ်းစာပြီးမြောက် ထေရ်မြတ်ပျောက်၍မပေါက်ကျမ်းရှင် ကျောင်းထိုင်ရှင်ဖြစ်ရှိရှင်နှင့်သာ ကိုးရပေါ့။ ။ ပညာတတ်မွန် ရဟန်းမွန်များမြို့ရံမြို့ရပ် နေထိုင်ကြလို့ရပ်ရွာအရပ် … Continue reading ။ တောရပ်ရွာကြွပါလေ ။